စွမ်းအင်မြှင့် နေအဖွဲ့အစည်း ကိုယ်စားပြု ဂြိုလ်အတိုက်အခိုက် အကာအကွယ်အဆောင်လက်ပတ်

You are my universe. Solar System Energy Healing Bracelets 💫✨🪐

သင်ဟာ စင်္ကြာဝဠာကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုရင် နေအဖွဲ့အစည်း “Solar System” အရ စွမ်းအင်ချိန်ညှိပေးတဲ့ (Energy balancing bracelet) လက်ပတ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။

Mercury retrograde ၀င်နေတဲ့ ကာလမျိုးမှာ Solar System Energy Bracelet ကို ၀တ်ဆင်သင့်တော်ပါတယ်။

ဂြိုလ်တွေရဲ့ရွေ့လျားမှုက လူ‌တွေရဲ့ဘဝကို များစွာလွှမ်းမိုးပါတယ်။ အထင်ရှားဆုံး ဥပမာပေးရရင် ဂြိုလ်ရံတစ်ခုဖြစ်တဲ့ လရဲ့ ဆွဲငင်အားကြောင့်ပင် ကမ္ဘာ့‌ရေမျက်နှာပြင်မှာ ဒီရေအတက်အကျတို့ ဖြစ်ပေါ်လျက်ရှိပါတယ်။ အာကာသထဲ မာကြူရီဂြိုလ် နောက်ပြန်ရွေ့လျားတဲ့ အချိန် (Mercury Retrograde) မှာ နှောင့်နှေးကြန့်ကြားမှု၊ စိတ်ရှုတ်ထွေးမှု၊ စိတ်ပျက်စရာတို့ ဖြစ်တတ်လို့ အပြုအမူအလုပ်အကိုင်၊ အပြောအဆိုတို့ကို သတိထားကြတယ်။ လူတစ်ယောက်မွေးဖွားချိန်မှစလို့ သူ့ရဲ့ကံကြမ္မာကို ဂြိုလ်အနေအထား နက္ခတ်ဗေဒပေါ်မူတည်ပြီး ဇာတာဖတ်ကြတယ်။
 
ဂြိုလ်ကိုယ်စားပြုသည့်ကျောက်မျက်များမှ ထွက်ရှိသော စွမ်းအင်လှိုင်းများဟာ energy level ကို ထိန်းညှိပေးနိုင်ပြီး ဂြိုလ်လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လျက်ရှိသော အညံများကို လျော့ချနိုင်တာကြောင့် ရှေးပဝေသဏီကပင် ဂြိုလ်အစီအရင်ဖြင့် နဝရတ်ရတနာကိုးပါး ရတနာတို့ကို အညံ့များပပျောက်ပြီး ကောင်းခြင်းမင်္ဂလာရရှိဖို့ ဆောင်ယူဝတ်ဆင်ကြတယ်။
 
နေအဖွဲ့အစည်းမှာ ပါဝင်တဲ့ ဂြိုလ်တစ်လုံးစီကို ကိုယ်စားပြုကျောက်တွေဖြစ်တဲ့
☿️ ဗုဒ္ဓဟူးဂြိုဟ် (Mercury) ကိုယ်စားပြု ကျောက်စိမ်း (Jade)
♀️ သောကြာဂြိုဟ် (Venus) ကိုယ်စားပြု သလင်းကျောက် (Clear Quartz)
🌎 ကမ္ဘာဂြိုဟ် (Earth) ကိုယ်စားပြု စလင်းညိုကျောက် (Smoky Quartz)
♂️ အင်္ဂါဂြိုဟ် (Mars) ကိုယ်စားပြု ကာနီလီယံကျောက် (Carnelian)
♃ ကြာသပတေးဂြိုဟ် (Jupiter) ကိုယ်စားပြု စလင်းဝါ (Citrine)
♄ စနေဂြိုဟ် (Saturn) ကိုယ်စားပြု ဒုတ္ထာကျောက် (Lapis Lazuli)
♅ ယူရေးနတ်စ်ဂြိုဟ် (Uranus) ကိုယ်စားပြု ကြွေစိမ်းကျောက် (Amazonite)
♆ နက်ပကျွန်းဂြိုဟ် (Neptune) ကိုယ်စားပြု ခရမ်းစွဲ (Amethyst) တို့ဖြင့် ပြုလုပ်ထားပါတယ်။
 
♇ ပလူတိုကို (၂၀၁၆) ခုနှစ်မှာ International Astronomical Union (IAU) ကနေ အဓိကနေအဖွဲ့အစီးမှ ထုတ်ပယ်ပြီး ဂြိုလ်သိမ် ဂြိုလ်ပုတစ်ခုအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း နတ္ခတ်ဗေဒင်ပညာအရ ♏ Scorpio ရာသီခွင်နဲ့ ဆက်စပ်နေတာ‌ကြောင့် Solar System bracelet မှာ ၎င်းကို ကိုယ်စားပြုတဲ့ မီးတောင်ကျောက် (Lava) ကို ထည့်သွင်းထားပါတယ်။
 
ဒါ့အပြင် ☀️ တနင်္ဂနွေဂြိုလ် -နေမင်း (sun) ကို ကိုယ်စားပြုသည် အနီရောင် ဂျက်စပါကျောက် (Red Jasper) နှင့် ☾ တနင်္လာဂြိုလ် – လမင်း (Moon) ကို ကိုယ်စားပြုသည့် မျောကျောက် (Moonstone) တို့ကိုပါ ထည့်ထားပါတယ်။
 
Solar system bracelet မှာပါဝင်တဲ့ ကျောက်မျက်များကိုလေ့လာကြည့်ရင် 7 chakra လက်ပတ်တွေမှာ တွေ့ရလေ့ရှိတဲ့ clear quartz, howlite, moonstone, amethyst, lapis, amazonite, jade, citrine, carnelian, red Jasper, smoky quart, lava တို့ ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုကျောက်မျက်များမှ ထွက်ရှိသော အရောင်များဟာ Chakra system နဲ့လဲ ချိတ်ဆက်အလုပ်လုပ်တာကြောင့် solar system bracelet ဟာ🌈 7 Chakra ကိုမှ ဂြိုလ်အနေအထားအရ တစ်ဆင့်မြှင့်ထားတဲ့ လက်ပတ်လေး ဖြစ်ကြောင်း ပြောပါရစေ။
 
မိမိတို့ရဲ့စိတ်ကိုကောင်းမွန်အောင်မွေးမြူပြီး ကုသိုလ်တရားများ ပြုလုပ်ခြင်းဖြင့် ဂြိုလ်တွေရဲ့ ကောင်းမွန်တဲ့ energy လှိုင်းများကို ရယူနိုင်ကြပါစေ။ 🙏🏻🙏🏻🙏🏻
 
 

Leave a Reply