ချစ်ခြင်းမေတ္တာအကြောင်းပြောကြမယ်ဆိုရင် မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း self-love မှ စတင်ပါတယ်။
လူတိုင်းက ပြောကြတယ်။ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါတဲ့။ ဒါပေမယ့် မိမိကိုယ်ကိုစစ်မှန်တဲ့ မေတ္တာတရားကို ပေးနိုင်လား ဆန်းစစ်ကြည့်ရင် လူတိုင်းက မပေးတတ်ကြပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်တတ်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စေတယ်။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်၊ ပြည့်စုံအောင်မထားဘူး။ ကျန်းမာရေးနဲ့ညီစွာ ပြုမူနေထိုင်မှုမရှိဘူး… Self-care အားနည်းပြီဆိုရင် ဒါဟာ Self love အားနည်းတာပါပဲ။
ကျောက်မျက်ရတနာတွေထဲမှာ သူယောင် ခေါ် rose quartz ဟာ စိတ်နှလုံးကို ကုစားပေးနိုင်တဲ့၊ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ စွမ်းအားမြှင့်ကျောက်တစ်မျိုး ဖြစ်ပါတယ်။
Rose quartz ဟာ မိမိစိတ်အတွင်းမှာ ပိတ်ဆို့နေတဲ့ block တွေကို ဖြုတ်ချနိုင်စေတယ်။ heart chakra ကို အားကောင်းလာစေတယ်။ စိတ်တင်းကျပ်ပူလောင်မှုတွေကို လျော့ပါးသက်သာစေတယ်။
Rose quartz ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမေတ္တာ ကောင်းစွာ ပေးတတ်စေသလို၊ ချစ်ခြင်းကိုလည်း ခံရစေပါတယ်။
Rose quartzဟာ ပီယပွင့်ခြင်း၊ ဆန်းလာဘ်ပွင့်ခြင်းတို့ကို အထောက်အပံ့ပေးပါတယ်။
စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရတဲ့အခါ High Vibrational Energy ဖြစ်လာပြီး တန်ဖိုးထားမှုတွေ မြင့်မာလာတာနဲ့အတူ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာတယ်။ မိမိကိုယ်ကိုချစ်တတ်လာတဲ့အခါ သူတစ်ပါးအပေါ် စစ်မှန်တဲ့ အေးမြတဲ့ မေတ္တာတရားထားတတ်လာတယ်။ သူတစ်ပါးဆီက မေတ္တာတရားကိုလဲ ခံစားနားလည်တတ်လာတယ်။ အချစ်ခံတတ်လာတယ်။
မေတ္တာစက်ကွင်းလေး ပိုမိုအားကောင်းစေဖို့ ဒီလည်ဆွဲလေးမှာ သူယောင်ကျောက်ရဲ့ စွမ်းအင်ကို ကြာပွင့်လေးနဲ့ ထပ်မံပံ့ပိုးထားပါတယ်။
ကြာပွင့်၏ မြင့်မြတ်ခြင်း၊ ဣန္ဒြေရှိခြင်း၊ အေးချမ်းခြင်းတို့နဲ့အတူ
Rose quartz ရဲ့စွမ်းအင်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်ရဲ့ တနေ့တာ လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် မေတ္တာ အပြည့်နဲ့ ချစ်တတ်ပြီး၊ ဆက်ဆံရေး(relationship)တိုင်းမှာ ပျော်ရွှင်မှု အပြည့်ရစေဖို့ ချစ်ရသော မိန်းမပျိုလေးတို့အတွက်
ကျွန်မတို့ Lotus and Charms ကနေ Serenity of Love ဆိုတဲ့ စွမ်းအင်မြှင့်သူယောင်လည်ဆွဲရတနာလေးကို မိတ်ဆက်လိုက်ပါတယ်ရှင်။
Reviews
There are no reviews yet.