ကြာပန်းက ပေးတဲ့ “Inner Wisdom” နဲ့ ဖြူစင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ အေးမြခြင်းသဘောရှိတဲ့ Moonstone ကျောက်ဟာ အလွန်ပင်သဟဇာတဖြစ်ပါတယ်။
လမင်း၏အလင်းရောင်ဖြာကျနေသကဲ့သို့ ကျောက်သားအဖြူပေါ်တွင် အခိုးလေးတွေလဲ့နေတဲ့ Moonstone (ခေါ် ) မျောကျောက်/စန္ဒာလကျောက်ဟာ လမင်း၏အေးမြတဲ့စွမ်းအင်နဲ့ ချိတ်ဆက်အလုပ်လုပ်တာကြောင့် စိတ်နှလုံးကို ကြည်လင်အေးချမ်းစေပါတယ်။
လပြည့်၊ လဆုတ်၊ လကွယ်၊ လဆန်း ရွေ့လျားနေသလိုပဲ Moonstone ကျောက်ကို အဆောင်အဖြစ် အသုံးပြုသူများသည် မိမိဘဝ၏ ပြောင်းလဲခြင်း၊ တိုးတက်ခြင်း၊ အခြေအနေအသစ်တို့ကို လက်ခံရရှိနိုင်တယ်။
အမ သဘာဝစွမ်းအင်ရှိတာကြောင့် ထိုးထွင်းသိမြင်နိုင်မှု (intuition) နှင့်သက်ဆိုင်သော Third Eye (ခေါ်) ဆဌမအာရုံကို အားကောင်းစေတယ်။ Spiritual ပိုင်းဆိုင်ရာ အလေ့အကျင့်များကို လုပ်ဆောင်သူများအတွက် စိတ်၏ အေးချမ်းရာ၊ လွတ်မြောက်ရာကို ရှာဖွေတွေ့ရှိဖို့ အထောက်အကူပေးပါတယ်။
အမျိုးသားများ (သို့မဟုတ်) အဖိုဓါတ် Masculine energy များသူများအနေဖြင့် Moonstone ကျောက်ကို အသုံးပြုပါက မိမိစိတ်ခံစားမှုများနှင့် ပြန်လည်ချိတ်ဆက်နိုင်မှာဖြစ်ပြီး ဦးနှောက်နှင့်နှလုံးသားကို ဟန်ချက်ညီညီ အသုံးချနိုင်လာမယ်။
ရှေးဂရိ ဒဏ္ဍာရီအရ Moonstone ကျောက်ဟာ ဂရိနတ်ဖုရားမ၏ ချစ်ခြင်းမေတ္တာ၊ နုပျိုလှပခြင်းနှင့် ဉာဏ်အလင်းကို ဖော်ဆောင်တယ်။ အချစ်ခရီးလမ်း သာယာဖြောင့်ဖြူးစေလို့ Wedding ring များတွင်လည်း အသုံးပြုတာတွေ့ရတယ်။ နှလုံးသားမှ အမှ်တရားကို နားလည်လက်ခံနိုင်စွမ်းတိုးပွားစေတယ်။
Moonstone ကျောက်ဟာ တနင်္လာသားသမီးများ၊ ကရကဋ် (Cancer) ရာသီဖွားများ၏ ကံကောင်းခြင်းအဆောင်ကျောက်ဖြစ်သည်။ ရေကြောင်းခရီးသွားလာသူများ အကာအကွယ်ကျောက်အဖြစ် အသုံးပြုကြသလို ကိုယ်ဝန်ဆောင်များ၊ ကလေးမွေးဖွားခါစသူများ Moonstone ကျောက်ကိုဆောင်ခြင်းဖြင့် ကိုယ်လက်မအီမသာဖြစ်ခြင်းကို သက်သာစေနိုင်သည်။ လစွမ်းအင်နှင့် ချိတ်ဆက်တဲ့ ကျောက်ဖြစ်တာကြောင့် လပြည့်ညတွင် စတင်ဝတ်ဆင်သင့်ပါတယ်။
ညဘက် အိပ်မပျော်သူများ Moonstone ကျောက်ကို ဆောင်ခြင်းအားဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်စေပါတယ်။ ရနံ့ကုထုံးနှင့်တွဲဖက်အသုံးပြုလိုပါက စပယ်ပန်းရနံ့ကို ရွေးချယ်ပါ။
Crystal များသည် စွမ်းအင်လှိုင်းများကို ဖမ်းယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထုတ်လွှင့်ခြင်းတို့တွင် အားကောင်းတာကြောင့် မိမိတို့ဘ၀ရည်မှန်းချက်အတွက် အသုံးပြုလို့ရပါတယ်။ အထက်ဖော်ပြပါ Moonstone ၏ စွမ်းအင်များကိုရယူရန် Manifest ပြုလုပ်လိုပါက လပြည့်ညတွင် Moonstone ကို ညာဘက်လက်တွင်ဆုပ်ကိုင်ပြီး လေကိုရှူသွင်းရှူထုတ်ပြုလုပ်ပါ။ တရားထိုင်ခြင်းသည် ကျောက်၏စွမ်းအင်နှင့် မိမိ၏စိတ်စွမ်းအင်စက်ကွင်းတို့ ချိတ်ဆက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မိမိဖြစ်ချင်သည့်အရာကို အာရုံပြု၍ အကူအညီပေးရန်ပြောဆိုပါ။
လပြည့်ညများတွင် လရောင်ပြပြီး Moonstone ကျောက်၏စွမ်းအင်များပြည့်၀စေရန် recharge လုပ်ပေးသင့်ပါတယ်။
မကောင်းတဲ့ energy စက်ကွင်းများကို ဖယ်ရှားရန် White Sage ဖြင့် cleansing ပြုလုပ်ပေးထားပါတယ်။
Moonstone ကျောက်နှင့် ကြာပန်းသင်္ကေတ လက်ပတ်လေးကို ၀တ်ဆင်ခြင်းအားဖြင့် မိမိတို့၏ ရည်ရွယ်ချက်များအထမြောက်ပြီး Inner Wisdom ကို ရှာဖွေတွေ့ရှိကြပါစေလို့ LOTUS AND CHARM မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်။
Reviews
There are no reviews yet.