Frequently asked questions (အမေးများသောမေးခွန်းများ)

ပစ္စည်းများကို အမှာစာလက်ခံရရှိပြီး (၃) ရက်အတွင်း ပေးပို့မည်ဖြစ်ပါသည်။ ပို့ဆောင်ချိန်သည် ရန်ကုန်မြို့အတွင်း (၂)ရက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိတခြားမြို့နယ်များသို့ Royal, MGL, Ninja Van အမြန်ချောပို့ ဝန်ဆောင်မှုများဖြင့် ပေးပို့ပြီး ပစ္စည်းရောက်ရှိရန် နေရာပေါ်မူတည်၍ (၃) ရက်မှ (၅) ရက်ကြာမြင့်ပါသည်။

 

ငွေထည်များကို ဝတ်ဆင်ရာတွင် ရေမွှေး၊ body lotion တို့ ခြောက်မှသာ ဝတ်ဆင်ပါ။ ပြန်ချွတ်သည့်အခါတွင် tissue နှင့်သုတ်ပြီး လေလုံသည့်အိတ်၊ ဘူးဖြင့် သိမ်းဆည်းပါ။ ဓါတုပစ္စည်းများ၊ အရက်ပြန်များဖြင့် သန့်ရှင်းခြင်းမပြုလုပ်ရပါ။

Polish Cloth နှင့်ညှင်သာစွာ ပွတ်တိုက်၍ သန့်စင်ခြင်း ပြုလုပ်နိုင်ပါသည်။ ရေးနွေးတွင် သွားပွတ်တံ ဆပ်ပြာပျော့တို့ဖြင့် တိုက်လို့ရပါသည်။ အရောင်ပြန်တင်လိုက တင်နိုင်ပါသည်။

24K သည် (၁၆)ပဲရည် အခေါက်ရွှေဖြစ်ပြီး 18K သည် (၁၂)ပဲရည် ‌ရွှေထည်ဖြစ်သည်။

18k gold ဆိုတာ ရွှေ (၇၅%)နဲ့ သတ္တုအရောအနှော (၂၅%) ပါဝင်တဲ့ရွှေဖြစ်ပါတယ်။ အရည်အသွေးပြည့်မှီတဲ့ 18K ရွှေအစစ် ဖြစ်တာကြောင့်မို့ အရောင်ပြောင်းလဲခြင်းမရှိပါဘူး။