မင်္ဂလာပါ။
 
ကိုယ့်ရဲ့နေ့စဉ်ဘဝထဲ ကောင်းမွန်တဲ့အရာ‌တွေ လက်ခံဖို့ အဆင်သင့်ဖြစ်ပါပြီလား။
 
“Where your focus goes, energy flows” ဆိုတဲ့အတိုင်း ဘဝမှာ ကိုယ်တကယ်လိုချင်တဲ့အရာတွေ ရနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ရှိတဲ့ ရှင်းလင်းပြတ်သားတဲ့ပန်းတိုင်တစ်ခု လိုအပ်ပါတယ်။ ရည်ရွယ်ချက်က ပဲ့ကိုင်သွားတာကြောင့် မသိတာတွေသိလာတယ်။ ကောင်းတဲ့ လမ်းကြောင်းတွေ အံ့ဩစရာကောင်းလောက်အောင်ပွင့်လာတယ်။ ဒါဟာ အာရုံစူးစိုက်ရာကို စွမ်းအင်တွေ စီးဆင်းသွားတဲ့သဘောပဲ ဖြစ်ပါတယ်။
 
Lotus‌ And Charm အနေဖြင့် အလှအပအတွက် ဝတ်ဆင်တဲ့လက်ဝတ်ရတနာ ဖန်တီးခြင်းမှခွဲထွက်ပြီး စွမ်းအင်မြှင့်အဆောင်လက်ဝတ်ရတနာများ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မြင့်လာအောင် အထောက်အကူပြုမယ့် spiritual and symbolic jewelry များကို ကျောက်မျက်ရတနာချစ်မြတ်နိုးသူ (၇) ရက်သားသမီးအပေါင်း ဝတ်ဆင်နိုင်ရန် မိတ်ဆက်သွားမှာဖြစ်ပါတယ်။
 
သင်္ကေတတွေရဲ့ နောက်ကွယ်မှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းရာဇဝင်တွေအများကြီးရှိသလို မတူညီတဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ထုံးလမ်းစဉ်လာအမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ ယုံကြည်မှု၊ တန်ဖိုးထားမှု‌တွေမှတဆင့် မိမိတို့ရဲ့ရည်ရွယ်ချက် စိတ်အကြံအစည် ပြီးမြောက်အောင်မြင်ဖို့၊ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ စိတ်ခွန်အားအထောက်အပံတစ်ခုဖြစ်စေပါတယ်။
 
Quantum Physics သဘောတရားအရ စကြာဝဠာအတွင်းရှိ အရာခပ်သိမ်းဟာ (အရာဝတ္တုတွေရော၊ ဆုပ်ကိုင်လို့မရတဲ့ ကျွန်မတို့ရဲ့အတွေးအခေါ်ခံစားချက်တွေပါ) စွမ်းအင်ကြိမ်နှုန်းကိုယ်စီနဲ့ စဉ်ဆက်မပြတ် တုန်ခါရွေ့လျားနေကြတယ်။ ပြင်ပအခြေအနေများအပေါ်မူတည်ပြီး တုံ့ပြန်မှုအသွင်မျိုးစုံ၊ စိတ်အတက်အကျခံစားမှုမျိုးစုံ ဖြစ်တာကြောင့် ကျွန်မတို့ပုံဖော်ချင်တဲ့၊ စစ်မှန်တဲ့ဘဝနေထိုင်မှုပုံစံရရှိဖို့ သတိတရားအစဉ်ကပ်ပြီး မှန်ကန်တဲ့ အတွေးအ‌ခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တွေနဲ့ သမာသမတ်ကျစွာ ပြုမူ‌နေထိုင်ရပါတယ်။
 
ကောင်းမွန်တဲ့ energy state ကိုရရှိစေဖို့၊ ထိန်းထားနိုင်ဖို့အတွက် ကျောက်မျက်များကိုအသုံးပြုပြီး စွမ်းအင်ထိန်းညှိခြင်းဟာလည်း ကုစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်မတည်ငြိမ်တဲ့အခါမျိုးမှာ grounding ဖြစ်စေဖို့၊ မိခင်ကမ္ဘာမြေနဲ့ ချိတ်ဆက်နိုင်ဖို့ obsidian ၊ black tourmaline ၊ smoky quartz အစရှိတဲ့ကျောက်မျက်တွေကို ဆောင်ယူခြင်းဖြင့် ထိုကျောက်မျက်များမှ ထွက်ရှိသော စွမ်းအင်ကြိမ်နှုန်းဟာ မိမိတို့ရဲ့စိတ်နှလုံးကို တည်ငြိမ်သော မူလအခြေအနေသို့ ပြန်လည်‌‌ရောက်ရှိစေရန် အကူအညီပေးနိုင်ပါတယ်။
 
ကျွန်မတို့ Lotus And Charm အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသောသင်္ကေတ အဆောင်လက်ဝတ်ရတနာများ၊ charm များကို စွမ်းအင်မြှင့်ကျောက်များနဲ့ တွဲဖက်ပြီး ဖန်တီးထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ သင်္ကေတများစွာရှိတဲ့အထဲကမှ ကြာပန်း (Lotus) ဟာဆိုရင် မြင့်မြတ်ခြင်း၊ လှပတင့်တယ်ခြင်း၊သန့်ရှင်းစင်ကြယ်ခြင်း၊ ဉာဏ်အလင်ပွင့်လန်းခြင်း၊ မျှော်လင့်ချက်ပေးခြင်း၊ ကောင်းမွန်သော အပြောင်းအလဲဖြစ်ပေါ်စေ‌ခြင်းနဲ့ အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း အဓိပ္ပာယ်တို့ကို ဖော်ဆောင်‌တာကြောင့် အထူးနှစ်သက်သည့်အတွက် “Lotus And Charm” လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။
 
Lotus And Charm မှ ဖန်တီးထားသော ရတနာတိုင်းဟာ ဝတ်ဆင်သူတစ်ဦးချင်းစီ၏ ကိုယ်၊ စိတ်၊ နှလုံးသုံးပါး ညီညွတ်မျှတအောင် စွမ်းအင်ချိန်ညှိပေးရန်၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်၊ ကောင်းမွန်တဲ့ ပြောင်းလဲမှု၊ ပေါကြွယ်ဝမှု၊ ကံကောင်းခြင်းတွေကိုဆောင်ယူပေးရန် ရည်ရွယ်ပါတယ်။
 
သင်နဲ့ သင့်ရဲ့စိတ်စွမ်းအင်၊ ရည်ရွယ်ရာပန်းတိုင် – ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ငွေရေးကြေးရေး၊ ကျမ်းမာရေး၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်အလင်းပွင့်လန်းမှုနှင့် အောင်မြင်မှုအစရှိသည့်တို့ကို ချိတ်ဆက်ပေးနိုင်တဲ့ လက်ဝတ်ရတနာလေးတွေဟာ ဘာတွေဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦး။
 
Lotus And Charm အနေဖြင့် ပိုမိုစုံလင်သော ရွေးချယ်စရာများ၊ New Collection များကိုမိတ်ဆက်နိုင်ရန်၊ ခေတ်ကာလနှင့်လျော်ညီစွာ ပိုမိုကောင်းမွန်သော product များ၊ ခံစားချက်များကို ပေးနိုင်ရန် အစဉ်ကြိုးစားသွားမှာ ဖြစ်ပါတယ်။
 
Website မှတစ်ဆင့် လွယ်ကူစွာဝယ်ယူနိုင်ရန် digital ငွေပေးချေမှုစနစ်များနှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံတနှံ့တလျားသို့ Royal/MGL/Ninjar Van အမြန်ချောပို့ ဝန်ဆောင်မှုများဖြင့် ပို့ဆောင်ပေးနေပါပြီ။
 
Lotus And Charm
 
Jewellery with intention
 
Bring Meaningful Jewelry to life